မဟာမြတ်မုနိရုပ်ရှင်တော်ဘုရားကြီး
မဟာမြတ်မုနိရုပ်ရှင်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ မန္တလေးမြို့အနောက်တောင်ဘက်တွင် တည်ရှိလ ျက်ရှိသည်။ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်တော်များ၏ အဓိကသွားရောက်ဖူးမြော်ရာနေရာလည်းဖြစ်ပါသည်။ အဆိုပါ မဟာမြတ်မုနိရုပ်ရှင်တော်ဘုရားကြီးကို ရခိုင်ပြည်နယ်မှ ပင့်ဆောင်ပူဇော်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မဟာမြတ်မုနိရုပ်ရှင်တော်ဘုရားကြီးသည် မြန်မာနိုင်ငံတွင်နေထိုင်ကြသော လူများစွာတို့၏ ကြည်ညိုလေးမြတ်ဖွယ်ရာကောင်းသော ဘုရားတစ်ဆူအဖြစ် ကိန်းဝပ်စံပယ်လျက်ရှိသည်။
မန္တလေးဈေးချိုတော်ကြီး
မန္တလေးဈေးချိုတော်ကြီးသည် အထက်မြန်မာပြည်တစ်ဝှမ်းလုံးတွင် အကြီးမားဆုံးနှင့်အရေးပါဆုံး ဈေးကြီးတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ မင်းတစ်ပါးဖြစ်သော မင်းတုန်းမင်းလက်ထက်အချိန်ကတည်းက စတင်တည်ဆောက်ထားသော၊ သက်တမ်းအရှည်ကြာဆုံးသော ဈေးကြီးလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် “Zaycho” ဟူသောစကားလုံးမှာ “ဈေးပေါဈေးနှုန်း” ဟု အမည်တွင်လ ျက်ရှိသည်။ အဆိုပါဈေးချိုတော်ကြီးတွင် တရုတ်၊ ထိုင်း နှင့် အိန္ဒိယနိုင်ငံတို့မှ တင်သွင်းသောကုန်ပစ္စည်းများအား အဓိကလက်လီလက်ကားရောင်းချလျက်ရှိသည်။ ထို့အပြင် တစ်နေရာတည်းတွင် မြန်မာ့လက်မှုပညာ၊ အနုပညာ်ပစ္စည်းများနှင့် လက်ဝတ်ရတနာထည်ပစ္စည်းများကိုလည်း ရရှိနိုင်ပါသည်။
မန္တလေးမြနန်းစံကေ ျာ်ရွှေနန်းတော်ကြီး
မန္တလေးမြနန်းစံကျော်ရွှနန်းတော်ကြီးသည် ထီးနန်းစိုးစံခဲ့ပြီးသည့် ကုန်းဘောင်ခေတ်မြန်မာဘုရင်များ၏ နောက်ဆုံးနန်းတော်ဖြစ်သည်။ အဆိုပါနန်းတော်ကြီးအား ၁၈၅၇ ခုနှစ် နှင့် ၁၈၅၉ ခုနှစ်ကြား ဆောက်လုပ်ထားခဲ့သည်။ နန်းတော်ကြီးတွင်တည်ဆောက်ထားသော နန်းဆောင်အားလုံးသည် တစ်ထပ်အမြင့်အဆောက်အအုံများဖြစ်ကြသည်။